Major ကတ်မှာ The fool က နံပါတ် ၀ ကတ် ဖြစ်ပြီးဘဝခရီး လမ်းကြောင်းအစဖြစ်သည်။
ရာသီခွင်နှင့် တားရော့
ရာသီခွင်တွေနဲ့ တားရော့ကတ်တွေဟာ အပြန်အလှန်ဆက်စပ်နေကြပြီး၊ သူတို့နှစ်ခုလုံးဟာ နက္ခတ္တဗေဒ၊ ဒြပ်စင်ဗေဒနဲ့ သင်္ကေတပညာရပ်တို့ရဲ့ အယူအဆတွေကို အခြေခံထားပါတယ်။ တားရော့ကတ်တွေဟာ ရာသီခွင်တွေကနေ တိုက်ရိုက်ဖြစ်ပေါ်လာတာမဟုတ်ပေမဲ့၊ Major Arcana ကတ်တွေဟာ ရာသီခွင်တစ်ခုချင်းစီရဲ့ အဓိက စရိုက်လက္ခဏာနဲ့ စွမ်းအင်တွေကို ကိုယ်စားပြုပါတယ်။ အလားတူပဲ Minor Arcana ကတ်အုပ်စုတွေဖြစ်တဲ့ Wands, Cups, Swords နဲ့ Pentacles တို့ဟာ မီး၊ ရေ၊ လေ၊ မြေ ဆိုတဲ့ ရာသီခွင် ဒြပ်စင်ကြီး ၄ ပါးနဲ့ ချိတ်ဆက်နေပါတယ်။ အဲ့လိုချိတ်ဆက်နေမှုပေါ်မှာအခြေခံပြီး တားရော့ကတ်ဖတ်သူတွေဟာ လူသားတွေရဲ့စရိုက်လက္ခဏာတွေကိုသိရှိပြောကြားနိုင်တာပဲဖြစ်ပါတယ်။
Major Arcana ကတ်တွေထဲက ရာသီခွင် ၁၂ခုကိုရည်ညွှန်းတဲ့ကတ်တွေအကြောင်းကို အောက်တွင်ဆက်ဖတ်ပါ။
✦ ✧ ✦ရာသီခွင်တစ်ခုချင်းစီကို ကိုယ်စားပြုသည့်တားရော့ကတ်များ
- အသေးစိတ်ဖတ်ရှုနိုင်ရန် ကတ်ကိုနှိပ်ပါ။ -
Aries
Taurus
Gemini
Cancer
Leo
Virgo
Libra
Scorpio
Sagittarius
Capricorn
Aquarius
Pisces
Tarot ဆိုတာဘာလဲ?
Tarotမှာ အဓိက major card နဲ့ minor card ဆိုပြီး ၂မျိုးခွဲထားသည်။ Tarot ကတ် စုစုပေါင်း ၇၈ကတ်ရှိပြီး major ၂၂ ကတ် minor ၅၆ကတ်ရှိသည်။ Tarot ကတ် ၇၈ကတ် စီတိုင်းကို အမှန်တကယ် တွေ့ကြုံခံစား နားလည်သဘောပေါက်နိုင်သည်။ Tarot ၏ အကြီးမားဆုံးသော စွမ်းအားသည် စိတ်ဝိညာဉ်မှ ဆင်းသက်လာကာ မည်သူမဆို မိမိကိုယ်ကို ပိုမိုသိရှိနိုင်အောင်ပြည့်စုံစွာပြသည်။
✦ ✧ ✦Tarot ဘယ်လိုဖတ်ရမလဲ?
Minor မှာ တုတ် ခွက် ဓါး ကြယ်ဆိုတဲ့ အုပ်စုလေးစုရှိသည်။ tarot ကတ်တွေကို ဖတ်တဲ့အခါ ကတ်အတည့်/ ကတ်ပြောင်းပြန်နှစ်မျိုးလုံး ဖတ်လို့ရသည်။ ပြောင်းပြန်ကတ်က အတည့်ကတ်နဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ် ထွက်သည်။ ပုံမှန်အားဖြင့် တစ်ကတ်ဆွဲကို yes/no မေးခွန်းတွေမှာ သုံးတယ်။ ၃ကတ်ဆွဲမှာတော့ အတိတ်ကတ်၊ ပစ္စုပ္ပန်ကတ်၊ အနာဂတ်ကတ်ဆိုပြီး ဆွဲသည်။ Tarotကို ကတ်မဆွဲခင် မွှေပါ။ စိတ်ကိုရှင်းရှင်းထား၊ မေးချင်တဲ့မေးခွန်းကို စိတ်ထဲမှာထည့်ထားပြီး ကတ်ကို ဆွဲထုတ်ပါ။
✦ ✧ ✦Major Card
The world ကတော့ နံပါတ် ၂၂ ကတ်ဖြစ်ပြီး Major ကတ်တွေရဲ့အဆုံးသတ်ကတ် ဖြစ်သည်။
Minor Card
Minor မှာ တုတ် အုပ်စုက အခွင့်အလမ်း ၊ ခွက်အုပ်စုက ခံစားချက် ၊ ဓါးအုပ်စုက ဆုံးဖြတ်ချက်နဲ့ ကြယ်အုပ်စုက ငွေကြေးကို ရည်ညွန်းသည်။ Minor ၅၆ကတ် အုပ်စု ၄စုစီမှာ King, Queen, Knight, Page ဆိုပြီး court ကတ်၄ကတ်ပါဝင်သည်။
The Suit of Wands
The Suit of Cups
The Suit of Swords
Tarotကတ် ဖတ်ရန်
သင်၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အကြောင်း သိရှိစေရန် မေးချင်တဲ့မေးခွန်းကို စိတ်ထဲမှာထည့်ထားပြီး ကတ်သုံးကတ်ဆွဲပါ။