LIBRA
တူရာသီ
Libra Zodiac Sign

တူရာသီအကြောင်းတစေ့တစောင်း

သင်္ကေတ♎️
အမှတ်အသား⚖️ (ချိန်ခွင်လျှာ)
ရက်စွဲများစက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂
ဓာတ်လေ
ပုံစံအရည်အသွေးဦးဆောင်သူ
စိုးမိုးရာဂြိုဟ်ဗီးနပ်စ်
စိတ်ဝိညာဉ်အရောင်အပြာရောင်၊ ပန်းရောင်
ကျောက်မျက်ရတနာဒုတ္ထာ
ပန်းနှင်းဆီ
တွဲဖက်ညီသောSignGemini (မေထုန်ရာသီ)
Rivalဖြစ်သောSignCancer (ကရကဋ်ရာသီ)၊ Capricorn (မကာရရာသီ)

သူတို့ရဲ့အမူအကျင့်များ

Libra ရာသီဖွားတိုကတော့ သူတို့ရဲ့ sign လေးအတိုင်း ချိန်ခွင်ကြီးတွေ ဖြစ်ကြပါတယ်။ အရာရာကို ကိုက်ညီမျှတမှုရှိအောင်လုပ်ဆောင်တဲ့သူ၊ စာနာစိတ်ရှိပြီး သူများအတွက်တွေးတောတတ်တဲ့သူတွေ၊ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေ ကြည့်ပေးတတ်တဲ့သူတွေပါ။ Libra လေးတွေက နားထောင်ပေးတတ်တဲ့ နားတစုံ ဖြစ်သလို သူငယ်ချင်းတွေထဲမှာ Libra တစ်ယောက်ရှိရင် သူက လူတိုင်းရဲ့ အတိုင်ပင်ခံလေး ဖြစ်နေတတ်ပါတယ်။

အပျင်းလည်း နည်းနည်းထူကြပေမယ့် ဖြတ်ထိုးဥာဏ်လည်းကောင်းကြပါတယ်။ Emotional support လည်း ပေးနိုင်ကြပါတယ်။ အလှအပ ကြိုက်ကြသလို သန့်ရှင်းသပ်ရပ်တာကိုလည်း သဘောကျကြပါတယ်။ လမ်းထိပ်ထွက်ရင်တောင် fashionable ဖြစ်အောင် ပြင်ဆင်ပြီးမှ အပြင်ထွက်ကြတဲ့လူတွေပါ။ လုပ်ငန်းခွင်မှာလည်း ဖော်ရွေမှုရှိကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းပြီး ဖန်တီးနိုင်မှုစွမ်းအားလည်း ရှိကြပါတယ်။ လူမှုဆက်ဆံရေး social skills လည်းကောင်းကြပြီး မျက်နှာမြင်ချစ်ခင်ကြရလောက်အောင်လည်းအပေါင်းအသင်းဆံ့ကြပါတယ်။

Venus ဂြိုဟ် ရဲ့ စိုးမိုးမှုခံရတဲ့ Libra တို့က ချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်များဖြစ်ကြသလို အချစ်များကြပါတယ်။ လူတိုင်းနဲ့ အဆင်ပြေဖို့အတွက် အရာရာ လိုက်လျောပေးတတ်ပြီး လူတိုင်းအပေါ်လည်း မေတ္တာထားတတ်ကြပါတယ်။ ပြဿနာအရှုပ်တွေဆိုရင် ဝင်မပါဘဲ ဘေးရှောင်နေတတ်ပြီး အေးအေးလူလူ ငြိမ်းချမ်းရေးသမားတွေ ဖြစ်ပါတယ်။ စိတ်ရှုပ်ခေါင်းရှုပ်မခံနိုင်ကြတဲ့ လူတွေပါ။

Libra တို့ရဲ့ ထိပ်ဆုံးက အားနည်းချက်ကတော့ ဆုံးဖြတ်ချက် မပြတ်သားတာပါပဲ။ သူတို့စိတ်ထဲမှာက ဟိုဟာလည်း မှန် ဒီဟာလည်းမှန်နဲ့ တခုခုဆို မပြတ်သားတတ်ကြပါဘူး။ ဒီလို မပြတ်သားခြင်းကပဲ သူတို့ကို အတွေးများစေပြီး စိတ်ကူးနဲ့ လက်တွေ့ ကွာဟစေတတ်ကြပါတယ်။ သူတို့ရဲ့ မပြတ်သားမှုကြောင့်လည်း တစ်ခုခုဆို သူများအပေါ်မှီခိုတာလေးတွေလည်း များတတ်ကြပါတယ်။ Libra တွေကို လွှမ်းမိုးရတာကလည်း လွယ်ကူပါတယ်။ သူတို့က အလွယ်လမ်းလည်း ကြိုက်ကြပါတယ်။ စိတ်ကူးယဉ်ဆန်တတ်ကြပြီး လက်တွေ့ထက် dreamer သမားလေးတွေ ပိုများပါတယ်။

Libra တွေက တရားမျှတမှုရှိကြပေမယ့် တစ်ခါတစ်ရံမှာ ချိန်ခွင်လျှာစောင်းပြီး သူတို့အလေးပေးချင်တဲ့သူကိုလည်း အလေးပေးတာမျိုးလုပ်တတ်ကြပါတယ်။ လူတိုင်းအကြိုက်ကိုလိုက်နေပေးတဲ့နည်းနဲ့ လူတွေကို လွှမ်းမိုးချယ်လှယ်ချင်ကြသလို လိုချင်တာရအောင် Manipulate လုပ်တတ်ကြပါတယ်။ ပြီးတော့ dramatic ပန်းနုသွေးလေးတွေပါ။ သူတို့ကအမြဲ ခံရသူ ဖြစ်ပြီး တဖက်လူကတော့ သူတိုပုံပြင်ထဲမှာ ပြုလုပ်သူပဲ ဖြစ်နေတတ်အောင် ပန်းနုသွေးတတ်ကြပါတယ်။ သူတို့ကို ဦးစားပေးတာကို သဘောကျတတ်ပြီး ဂရုစိုက်မှု ခံချင်ကြပါတယ်။ လိုအပ်တဲ့ အရာတွေကိုသာ အာရုံစူးစိုက်ပြီး မလိုအပ်တဲ့အရာတွေ၊ လူတွေကို မျက်ကွယ်ပြုနေတတ်ပါတယ်။ materialism လေးတွေလည်း ဖြစ်ပါတယ်။

တူရာသီရဲ့သမိုင်းကြောင်းအကျဉ်းချုပ်

Libra(တူ)ဟာ ရာသီခွင် ၁၂ ခုထဲမှာ သတ္တဝါပုံစံမဟုတ်ဘဲ ပစ္စည်းတစ်ခု(ချိန်ခွင်လျှာ)ကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော ရာသီခွင်အဖြစ် ထူးခြားပါတယ်။ ဘေဘီလုံးယဉ်ကျေးမှုမှာ ဒီကြယ်စုတန်းကို အခြားနည်းလမ်းနဲ့ မြင်ခဲ့ကြပါတယ်။ သူတို့က ဒီကြယ်တွေကို "ကင်းမြီးကောက်ရဲ့ လက်မများ" (The Claws of the Scorpion) လို ခေါ်ဆိုခဲ့ကြပြီး ယနေ့ခေတ် Scorpio (ဗြိစ္ဆာ) ရာသီခွင်ရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ချိန်ခွင်လျှာ ဆိုတဲ့ သီးသန့်ရာသီခွင်အဖြစ် စတင်တီထွင်ခဲ့သူတွေကတော့ ရောမလူမျိုးတွေ ဖြစ်နိုင်ခြေများပါတယ်။ သူတို့က ဒီကြယ်စုတန်းကို မြင်တဲ့အခါ တရားမျှတမှုရဲ့ သင်္ကေတဖြစ်တဲ့ Libra (ချိန်ခွင်လျှာ) ဆိုတဲ့ အမည်ကို ပေးခဲ့ကြတယ်။ ဒါဟာ တရားမျှတမှုနတ်ဘုရားမ Astraea ကိုင်ဆောင်ထားတဲ့ ချိန်ခွင်လျှာနဲ့ ဆက်စပ်နေပါတယ်။ Astraea ကိုယ်တိုင်ကတော့ Virgo (ကန်) ရာသီခွင်နဲ့ ဆက်စပ်ပြီး ပုံဖော်လေ့ရှိပါတယ်။ Libra ရာသီဖွားတွေရဲ့ လက္ခဏာစရိုက်တွေဖြစ်တဲ့ ဟန်ချက်ညီခြင်း၊ အလှအပကို နှစ်သက်ခြင်း၊ သဟေသပြုလိုခြင်း၊ ညှိနှိင်းဆောင်ရွက်နိုင်ခြင်း နှင့် တရားမျှတမှုကို လိုလားခြင်း စတဲ့ အချက်တွေဟာ ချိန်ခွင်လျှာရဲ့ သင်္ကေတနဲ့ ကိုက်ညီနေပါတယ်။

တူရာသီတွေနဲ့သင့်တော်မယ့်အလုပ်နယ်ပယ်များ

Law & Mediation 💵🧪 Design & Arts
Diplomatic 📊📈 HR & Recruitment
Public relations 🕵️‍♂️🧠 Counseling & Therapy
Event Planning 🆘🛠 Sales & Client relations

တူရာသီဖွားထင်ရှားကျော်ကြားသောပုဂ္ဂိုလ်များ

Libra TRAITS