LEO
သိဟ်ရာသီဖွား
Leo Zodiac Sign

သိဟ်ရာသီဖွားများအကြောင်းတစေ့တစောင်း

သင်္ကေတ♌️
တိရစ္ဆာန်🦁 (ခြင်္သေ့)
ရက်စွဲများဇူလိုင်လ ၂၃ – ဩဂုတ်လ ၂၃
ဓာတ်မီး
ပုံစံအရည်အသွေးသစ္စာရှိသောသူ
စိုးမိုးရာဂြိုဟ်နေ
စိတ်ဝိညာဉ်အရောင်ရွှေရောင်၊အဝါရောင်၊လိမ္မော်ရောင်
ကျောက်မျက်ရတနာဖရဲအူကျောက်(Tourmaline)
ပန်းနေကြာပန်း
တွဲဖက်ညီသောSignAries (မိဿရာသီဖွား)၊ Libra (တူရာသီဖွား)
Rivalဖြစ်သောSignTaurus (ပြိဿရာသီဖွား)၊ Scorpio (ဗြိစ္ဆာရာသီဖွား)

သူတို့ရဲ့အမူအကျင့်များ

မျက်နှာကြောမာတဲ့အထဲမှာ ပါတတ်ကြပါတယ်။ ဘေးလူ အမြင်မှာတော့ သူတို့လုပ်စာ ထိုင်စား နေရသလို ရုပ်မျိုး ဆိုပြီးအထင်ခံရသေးတတ်ပါတယ်။ တကယ်တော့ နာမည်ကြီး ထမင်းငတ်တွေဖြစ်ကြပါတယ်။ငယ်ရွယ်စဉ်ကတည်းက လူတွေရဲ့အာရုံစိုက်ခြင်းကို ခံရတဲ့သူတွေပါ။အချစ် အလွမ်း မဟုတ်ဘဲ မှော်ဆန်တဲ့ဇာတ်လမ်းတွေ နဲ့ စူပါဟီးရိုးတွေ ပါဝင်တတ်တဲ့ လျှို့ဝှက်ဆန်းကြယ် ဝတ္ထုရှည်တွေကို ဖတ်လေ့ရှိကြပါတယ် ။

စိတ်အားထက်သန်မှုအားကောင်းပြီး ဦးဆောင်လိုစိတ်ရှိသူလေးတွေဖြစ်ကြပါတယ်။Social ကျကြပြီး ပေးကမ်းရက်ရောတဲ့ ရာသီခွင်ဆိုလဲမမှားပါဘူး။ ကိုယ့်ကိုကိုယ်ယုံကြည်မှုမြင့်ကြပြီး self love, self-growth အားကောင်းကြပါသေးတယ်။ ရိုးသားကြသောသူများဖြစ်လို့ ဖြစ်ချင်တာကိုမကွယ်ဝှက်ပဲ တည့်ပြောတတ်ကြပါတယ်။သစ္စာရှိကြပြီး ကာကွယ်ပေးတတ်ကာ စိတ်အားတက်ကြွနေတဲ့ Energetic လေးတွေဖြစ်ကြပါတယ်။

Attention အလွန်လိုချင်ကြပြီး ဦးစားပေးခံရတာကို သဘောကျကြပါတယ်။ခေါင်းမာကြပြီးဖြစ်ချင်တာကို ဇွတ်လုပ်တတ်ကြပါတယ်။ Seft-center သမားတွေများပြီး အတ္တကြီးကာ မာနလာပြီးထိခိုက်ရင်တော့ ပြန်လည် လက်စားချေတတ်ကြပါတယ်။စိတ်မရှည်တတ်သလို ဒေါသလဲထွက်လွယ်တဲ့ ကိုစိတ်တို၊ မစိတ်တိုတွေဖြစ်ကြပါတယ်။ သဝန်အလွန်တိုကြပြီး ကလေးဆန်တဲ့အပြုအမူတွေလုပ်တတ်ကြပါသေးတယ်။

Creative ရှိကြပြီး ဖန်တီးနိုင်စွမ်း၊စိတ်ကူးစိတ်သန်းကောင်းကြပြီး စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်တတ်ကြပါတယ်။ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး ထိပ်ဆုံးမှာနေရတာကို သဘောကျကြပါတယ်။Leader ဖြစ်ဖို့မွေးဖွားလာသူတွေဖြစ်ကြပြီး ကြင်နာမှုလည်းထားတတ်ကြပါတယ်။ Six sense အားကောင်းကြပါတယ်။ စိတ်မဝင်စားတဲ့အရာကိုလုပ်ခိုင်းပြီဆိုရင် အပျင်းတစ်ပြီးစိတ်မပါသလိုပြုမူတတ်ကြပါသေးတယ်။

ချစ်တဲ့သူတွေကို ချစ်ကြောင်းကြိုက်ကြောင်း လူရှေ့ပြောရမှာကို ရှက်တဲ့ထဲ Leo မပါပါဘူး။ ရည်းစားရရင် ပတ်ကြွားနေတတ်ကြတဲ့သူတွေပါ။ သူတို့ချစ်သလောက် ပြန်ချစ်ပေးတာကိုပဲသဘောကျကြပါတယ်။ Possessive ဖြစ်တာမို့ သူ့လူထိရင် မီးပွင့်သွားနိုင်ပါတယ်။ တည့်တိုးပြောတတ်ကြပြီး စိတ်ဆိုးဒေါသထွက်လွယ်ပေမဲ့ ခဏလေးပါပဲ၊ ပြီးရင်ပြန်လာကြမှာပါ။

သိဟ်ရာသီရဲ့သမိုင်းကြောင်းအကျဉ်းချုပ်

Leo ကြယ်စင်စုဟာ 4000 BC အစောပိုင်းမှာ Mesopotamians တွင် မှတ်တမ်းတင်ထားသောအစောပိုင်းကြယ်စုဖြစ်ပြီးBabylonians တွေဟာ UR.GU.LA -The great Lion လိုခေါ်ဆိုကြပါတယ်။သူရဲကောင်း Heracles(Hercules) သတ်တာကိုခံရတဲ့ Nemean Lion ကိုကိုယ်စားပြုတဲ့ ဂရိဒဏ္ဍာရီမှ ကျော်ကြားသောကြယ်စုဖြစ်ပါတယ်။Mesopotamians တွင် ခြင်္သေ့သည် ဘုရင်မင်းမြတ်ရဲ့အာဏာကို ကိုယ်စားပြုပြီး Leo ဟာ Lionရဲ့ Latin စကားဖြစ်ပါတယ်။

သိဟ်ရာသီတွေနဲ့သင့်တော်မယ့်အလုပ်နယ်ပယ်များ

Chief executives 🧑‍💼🎥 Event managers and media strategists
Politicians and diplomats 👨‍💼🎭 Theatrical agents and theatre owners
Actors and spokespersons 🎬🏢 Business owners and entrepreneurs
Corporate leaders 🕴🗣 Motivational speakers

သိဟ်ရာသီဖွားထင်ရှားကျော်ကြားသောပုဂ္ဂိုလ်များ

LEO TRAITS