မြန်မာရာသီခွင်

မြန်မာ ဗေဒင်ပညာရပ်တွင် ဇာတာသည် အရေးပါလှပေသည်။ ဇာတာသည် လူတစ်ယောက် မွေးသော အချိန် (နာရီ မိနစ်)၊ နေရာ ပေါ်မူတည်ပြီး ရှေ့ဖြစ်မည့် ကံတရား အကြောင်းကို တွက်ချက်ခြင်းဖြစ်သည်။ လူတစ်ယောက်သည် ဇာတာ ဖွဲ့ထားပြီး ထိုဇာတာ ပေါ်မူတည်၍ မိမိ၏ ကံအခြေအနေကို သိရှိနိုင်သည်။ ဇာတာဟူသည် ဂြိုဟ်သွား ဂြိုဟ်လာ ပြက္ခဒိန် ကို ကြည့်ကာ ဗေဒင် ဟောခြင်း ပညာရပ်လည်း ဖြစ်သည်။

နေ့နာမ် ရာသီခွင် တိရစ္ဆာန်များအကြောင်း

🐦‍🔥 တနင်္ဂနွေ (ဂဠုန်)

တနင်္ဂနွေနေ့မွေးသူများသည် အလွန်ကြင်နာတတ်ပြီး ရက်ရောလွန်းသဖြင့် အချို့လူများက မိုက်မဲသည်ဟု အထင်မှားတတ်သည်။ ကြီးမားသော စိန်ခေါ်မှုများကို နှစ်သက်ကာ ပန်းတိုင်သို့ ရောက်ရှိရန် အစွမ်းကုန် ကြိုးစားလေ့ရှိသည်။ စွမ်းအင်ပြည့်ဝပြီး ဘဝ၏အခက်အခဲများကို မည်သည့်အခါမျှ အလွယ်တကူ စိတ်ဓာတ်မကျသူဖြစ်သည်။ သူများကို သဘာဝအလျောက် အားပေးနှိုးဆော်နိုင်သောကြောင့် အခြားသူများအတွက် အားပေးအားမြောက်ပြုသူအဖြစ် မကြာခဏ ဆောင်ရွက်တတ်သည်။

🐅 တနင်္လာ (ကျား)

တနင်္လာနေ့မွေးသူများသည် အလွန်ဉာဏ်ကောင်းပြီး အသေးစိတ်ကို ဂရုစိုက်တတ်သူ၊ ခွန်အားကြီးမားကာ သည်းခံနိုင်သူဖြစ်သည်။ သို့သော် တစ်နေရာရောက်တဲ့အထိသာ ဖြစ်သည်။ အခွင့်ကောင်းယူခြင်း သို့မဟုတ် အချိန်ကိုဖြုန်းတီးခြင်းကို မနှစ်သက်ပါ။ ပန်းတိုင်ချမှတ်ပြီး အောင်မြင်ရန်နှစ်သက်သည်။ ဥပဒေများကို လေးစားလိုက်နာကာ ကိုယ်ကျင့်တရားအတွက် တာဝန်ယူမှုရှိသူဖြစ်သည်။

🐆 အင်္ဂါ (ခြင်္သေ့)

အင်္ဂါနေ့မွေးသူများသည် တော်လှန်ရေးသမား၊ သဘာဝခေါင်းဆောင်နှင့် ဂုဏ်သိက္ခာရှိသောပုဂ္ဂိုလ်ဖြစ်သည်။ ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုအသိစိတ်ရှိပြီး ယင်းတိုနှင့်ပတ်သက်၍ လျှော့ပေါ့ညှိနှိင်းရန် မနှစ်သက်ပါ။ စိတ်အားထက်သန်မှုနှင့် ကိုယ့်ထင်မြင်ချက်ကို ရဲရဲတင်းတင်းပြောတတ်သော စရိုက်ရှိနိုင်သော်လည်း ဆုံးဖြတ်ချက်များသည် များသောအားဖြင့် မှန်ကန်တတ်သည်။ မည်သည့်စိန်ခေါ်မှုကိုမဆို ရင်ဆိုင်ရန် အဆင်သင့်ရှိပြီး အထူးသဖြင့် အားနွဲသူများအတွက် ရပ်တည်ပေးရန် ဝန်မလေးပါ။

🐘 ဗုဒ္ဓဟူး (ဆင်)

ဗုဒ္ဓဟူးနေ့(မနက်ပိုင်း) မွေးသူများသည် ခန့်မှန်းရခက်ပြီး စိတ်အားထက်သန်သူဖြစ်သည်။ အန္တရာယ်တစုံတရာပါဝင်နိုင်သော လုပ်ဆောင်မှုများအတွက် ရေငတ်နေတတ်ပြီး မီးလျှံနားမှာ ပျံဝဲလေ့ရှိရာ အခါအားလျော်စွာ လောင်ကျွမ်းတတ်သည်။ သဘာဝအတိုင်းပြုမူဆောင်ရွက်တတ်ပြီး စိတ်အားထက်သန်မှုအတွက် လူတို့က နှစ်သက်ကြသည်။ ဘဝကို ထိန်းချုပ်လိုပြီး လွတ်လပ်စွာ နေထိုင်ရန် နှစ်သက်သည်။

🦣 ရာဟု (ဟိုင်းဆင်)

ဗုဒ္ဓဟူးနေ့(ညပိုင်း) မွေးသူများသည်ဆန့်ကျင်ဘက်စရိုက်များရှိပြီး အခြားသူများအတွက် နားလည်ရခက်ခဲစေသည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများကို သီးသန့်လုပ်ဆောင်ရန် နှစ်သက်သော်လည်း မိမိကိုယ်ကို မိမိ၏လုပ်ဆောင်ချက်များကို ကြော်ငြာရာတွင် ထူးချွန်သည်။ ရလဒ်ကို သေချာမှသာ လုပ်ဆောင်ရန် နှစ်သက်ပြီး (အထူးသဖြင့် စီးပွားရေးနယ်ပယ်တွင်) အလွန်အောင်မြင်တတ်ကာ ကိုယ်ပိုင်စံချိန်စံညွှန်းများဖြင့် အောင်မြင်မှုများ ရရှိနိုင်စွမ်းရှိသည်။

🐁 ကြာသပတေး (ကြွက်)

ကြာသပတေးနေ့မွေးသူများသည် ဉာဏ်ရည်ထက်မြက်ပြီး ရှေ့ရောက်လာသော အခွင့်အလမ်းများကို ကောင်းစွာ အသုံးချတတ်သည်။ တိတ်ဆိတ်ငြိမ်သက်နေတတ်သော်လည်း လိုချင်သည်ကို ရရှိရန် ဘယ်တော့မှ မရပ်တန့်ပါ။ အာရုံစူးစိုက်မှုကောင်းပြီး (တစ်ခါတစ်ရံ အလွန်အမင်းဖြစ်တတ်သည်) များစွာတွန်းအားပေးခံရပြီး ရှေ့ရောက်ရန် ကျွမ်းကျင်မှုရှိသည်။

🦫 သောကြာ (ပူး)

သောကြာနေ့မွေးသူများသည် သဘာဝအားဖြင့် အနုပညာနှင့် ဖန်တီးမှုဆိုင်ရာ စွမ်းရည်မြင့်မားသူဖြစ်သည်။ အံ့ဖွယ်အိုင်ဒီယာများ အမြဲရှိနေတတ်သော်လည်း တစ်ခုကိုရွေးချယ်ရန် စဉ်းစားတတ်သည်။ မတူညီသောလမ်းကြောင်းများစွာသို့ သွားတတ်သဖြင့် ပြီးဆုံးအောင် လုပ်ရခက်ခဲတတ်သည်။ အလုပ်တစ်ခုတည်းကို ထပ်ခါတလဲလဲလုပ်ရန် အလွယ်တကူ ငြီးငွေ့တတ်သည်။ကြင်နာတတ်သော၊ စာနာတတ်ပီး အခြားသူများအပေါ် အလွန်အမင်းခံစားလွယ်သောသူဖြစ်ပြီး ထိုသို့သောစရိုက်များကြောင့် ကောင်းမွန်သောမိတ်ဆွေတစ်ဦးဖြစ်သည်။

🐉 စနေ (နဂါး)

စနေနေ့မွေးသူများသည် ခိုင်မာပြီး ယုံကြည်ရသော စရိုက်ရှိသူ၊ ဘဝတွင် စည်းစိမ်ချမ်းသာနှင့် ဂုဏ်ကျက်သရေကို တည်ဆောက်လိုသူဖြစ်သည်။ စိတ်ဓာတ် တည်ငြိမ်ခိုင်မာ၍ အတွေးအခေါ် ရင့်ကျက်ပြီး ဆုံးဖြတ်ချက်ချရာတွင် ခိုင်မာမှုရှိသည်။ ဘေးအန္တရာယ်ကင်းရန်နှင့် ကာကွယ်လိုစိတ် ပြင်းထန်သူလည်း ဖြစ်သည်။

မဟာဘုတ်

မဟာဘုတ်သည် မြန်မာ့ရိုးရာဗေဒင်ပညာတွင် အခြေခံကျသော လူ့ဘဝခွဲခြမ်းစိတ်ဖြာမှုစနစ် ဖြစ်ပြီး လူတစ်ဦး၏ ကံကြမ္မာ၊ စရိုက်၊ အတွေ့အကြုံနှင့် ဘဝအခြေအနေများကို ခန့်မှန်းရန် အသုံးပြုသည်။

မဟာဘုတ် ၈-မျိုး

မဟာဘုတ်တွင် အခြေခံအုတ်မြစ် ၈-မျိုး ရှိပြီး လူတစ်ဦး၏ မွေးနေ့၊ မွေးချိန်၊ မွေးနှစ် အပေါ်မူတည်၍ တွက်ချက်ရသည်။

၁။ ဘုတ် – ခန္ဓာကိုယ်၊ ကျန်းမာရေး၊ ဇီဝကမ္မဖြစ်စဉ်
၂။ ရာဇာ – အာဏာ၊ ဂုဏ်သိက္ခာ၊ လူမှုရေးရာထူးဆောင်ခြင်း
၃။ ဒေဝါ – စိတ်ဓာတ်၊ ဝိဉာဉ်ရေးရာ၊ အတွင်းစိတ်လှုပ်ရှားမှု
၄။ ဂဠုန် – စွမ်းအား၊ ရဲရင့်မှု၊ စွန့်စားလုပ်ဆောင်နိုင်စွမ်း
၅။ ယက္ခ – စည်းစိမ်ဥစ္စာ၊ လာဘ်ရွှင်မှု၊ စီးပွားရေးတိုးတက်မှု
၆။ နဂါး – အိမ်ထောင်ရေး၊ မိသားစုဘဝ၊ ချစ်ခင်ရင်းနှီးမှု
၇။ ကရာဏိကာ – အလုပ်အကိုင်၊ လုပ်ငန်းဆောင်တာ၊ တာဝန်ထမ်းဆောင်မှု
၈။ ပုဏ္ဏား – ပညာရေး၊ အသိဉာဏ်၊ ဆင်ခြင်တုံတရား

✦ ✧ ✦

တရုတ်ရာသီခွင်

တရုတ်ရာသီခွင်ကို (Sheng Xiao - ဆန်ရှောင်) လို့လည်း ခေါ်ပြီး၊ လဆန်းစနစ်အပေါ် အခြေခံထားတဲ့ (၁၂) နှစ်တာကာလအတွက် သတ်မှတ်ထားတဲ့ စရိုက်လက္ခဏာတွေနဲ့အတူ တိရစ္ဆာန် သင်္ကေတတွေရဲ့ လည်ပတ်မှုစက်ဝန်းဖြစ်ပါတယ်။ ရာသီခွင်တိရစ္ဆာန်တွေရဲ့ အစဉ်လိုက်နာမည်တွေကတော့- ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ဝက် တို့ပဲဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးအကြောင်း

လနတ်နှစ်သစ်ကူး (သို့) နွေဦးပွဲတော်ဟာ တိရစ္ဆာန်တစ်မျိုးကနေ နောက်တစ်မျိုးကိုပြောင်းလဲတဲ့ အချိန်ကာလကို ဖော်ပြပါတယ်။ ၂၀၂၄ ခုနှစ်ဟာ နဂါးနှစ်ဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ စတင်ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာ ပြီးဆုံးပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့ (တရုတ်နှစ်သစ်ကူး)ကတော့ မြွေနှစ်ရဲ့အစကို အချက်ပြမှာဖြစ်ပါတယ်။

၁၂ ရာသီခွင် တိရစ္ဆာန်များ

🐀 ကြွက်နှစ်ဖွားများ (Rat - 鼠 / Shǔ)

1972, 1984, 1996, 2008, 2020

ကြွက်နှစ်ဖွားတွေဟာ စုဆောင်းတာနဲ့ စုမိသိမ်းဆည်းတာကို နှစ်သက်ကြပါတယ်။ သူတို့ဟာ ငွေကြေးအကျပ်အတည်းကို ဘယ်တော့မှမကြုံတွေ့ရဘဲ စနစ်တကျ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ကြွက်နှစ်ဖွားတစ်ဦးဆီကနေ တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ရခဲ့မယ်ဆိုရင် သူတို့ဟာ သင့်ကို အထူးတလည် တန်ဖိုးထားတာဖြစ်တယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ တခြားသူတွေအတွက် ပိုက်ဆံအိတ်ကို အလွယ်တကူ ဖွင့်လေ့မရှိလို့ပါ။ ကြွက်နှစ်ဖွားတွေဟာ ချီးကျူးဂုဏ်ပြုခံရဖို့အတွက် အာရုံမထားပါဘူး။ သူတို့ဟာ အလွန်ကိုအာရုံခံစားလွယ်ပြီး ပြဿနာတစ်ခုခုရှိလာတာကို သိရှိကြပါတယ်။ စွန့်စားမှုတစ်ခုခု ပြုလုပ်တဲ့အခါမှာလည်း အများအားဖြင့် အောင်မြင်တတ်ကြပါတယ်။

🐂 နွားနှစ်ဖွားများ (Ox - 牛 / Niu)

1973, 1985, 1997, 2009, 2021

နွားနှစ်ဖွားတွေဟာ အလုပ်ကြိုးစားကြပြီး တာဝန်ယူစိတ် အပြည့်ရှိကြပါတယ်။ အလုပ်လုပ်တဲ့အခါ အခက်အခဲတွေနဲ့ ကြုံတွေ့ရရင်တောင် ဇွဲမလျှော့ဘဲ ဆက်လက်လုပ်ဆောင်တတ်ကြပါတယ်။ သူတို့ဟာ အရမ်းကြီး ရိုမန်တစ်မဆန်ကြပေမဲ့ သည်းခံတတ်ကြပြီး သူတို့ကို မနှစ်သက်တဲ့သူအပေါ်မှာ ဘယ်တော့မှ အတင်းအကျပ် ဖိအားပေးလေ့မရှိကြပါဘူး။ သူတို့ဟာ အများအားဖြင့် တိတ်ဆိတ်စွာနေတတ်ကြပြီး ကိုယ့်ခံစားချက်တွေကို ရင်ထဲမှာပဲ မြိုသိပ်ထားတတ်ပါတယ်။ ဒါကြောင့် တခြားသူတွေအတွက် သူတို့ကို နားလည်ဖို့ ခက်ခဲစေပါတယ်။ စိတ်ဆိုးဒေါသ ထွက်လာတဲ့အခါမျိုးမှာတော့ ပေါက်ကွဲတတ်ပြီး တခြားသူတွေကို ဝေးကွာသွားအောင် လုပ်မိတတ်ပါတယ်။

🐅 ကျားနှစ်ဖွားများ (Tiger - 虎 / Hǔ)

1974, 1986, 1998, 2010, 2022

ကျားနှစ်ဖွားတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားတတ်ကြပါတယ်။ သူတို့ဟာ ခေါင်းဆောင်နေရာမှာ နေရတာကို နှစ်သက်သလို ပုံမှန်လူတွေရဲ့ အကာအကွယ်ပေးသူတွေအဖြစ်လည်း ရှိနေတတ်ပါတယ်။ သူတို့ဟာ တရားမျှတမှုကို ချစ်မြတ်နိုးပြီး အငြင်းပွားမှုတွေမှာ ဘယ်တော့မှ နောက်မဆုတ်တတ်ကြပါဘူး။ ပေါ့ဆမှုဟာ သူတို့ရဲ့ အကြီးမားဆုံးအားနည်းချက်ဖြစ်ပြီး ဒါကြောင့်ပဲ မအောင်မြင်တာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ တကယ်တမ်းမှာ ဘယ်တော့မှ ကျရှုံးသွားခြင်းမရှိပါဘူး။ ကျားနှစ်ဖွားတွေဟာ အမြဲတမ်း ပြန်လည်ထရပ်တည်နိုင်ဖို့ နည်းလမ်းကို ရှာဖွေနိုင်ကြပြီး နောက်ဆုံးမှာတော့ အောင်မြင်တတ်ကြပါတယ်။

🐇 ယုန်နှစ်ဖွားများ (Rabbit - 兔 / Tù)

1975, 1987, 1999, 2011, 2023

ယုန်နှစ်ဖွားတွေဟာ သိမ်မွေ့ကြပြီး တည်ငြိမ်၊ ယဉ်ကျေးသိမ်မွေ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သည်းခံတတ်ကြပြီး ဉာဏ်ရည်ထက်မြက်သလို ခေတ်မီတဲ့အသွင်အပြင် ရှိကြပါတယ်။ တာဝန်ယူစိတ်နဲ့ အသေးစိတ်ကျကျ အာရုံစိုက်မှုတို့က သူတို့ကို အလုပ်အကိုင်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိစေပါတယ်။ သူတို့ဟာ အချစ်ရေးကိုလည်း အလေးအနက်ထားတတ်ကြပြီး လူတစ်ယောက်ကို အလွယ်တကူ စွဲစွဲလမ်းလမ်း မဖြစ်တတ်ကြပါဘူး။ သူတို့အတွက် မှန်ကန်တဲ့သူကို တွေ့ရှိခဲ့ရင်တော့ ကမ္ဘာ့အဆုံးထိတိုင်အောင် အဆုံးတိုင် ချစ်တတ်ကြပါတယ်။

🐉 နဂါးနှစ်ဖွားများ (Dragon - 龙 / Lóng)

1976, 1988, 2000, 2012, 2024

နဂါးနှစ်ဖွားတွေဟာ စွန့်စားမှုနဲ့ ရိုမန်တစ်ဆန်မှုတွေ အပြည့်ရှိတဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ပါတယ်။ နဂါးရဲ့ နက်နဲတဲ့ စရိုက်လက္ခဏာကို လူတွေ နားလည်ဖို့ ခက်ခဲပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ပုံမှန်လူတွေ စိုးရိမ်ပူပန်တတ်တဲ့ ကိစ္စတွေကိုတော့ လျစ်လျူရှုတတ်ကြပါတယ်။ သူတို့ဟာ ပျင်းရိနေသလို ထင်ရပေမဲ့ တစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် တခြားသူတွေထက် ပိုမို ရည်မှန်းချက်ကြီးပြီး တက်ကြွစွာ လုပ်ဆောင်တတ်ကြပါတယ်။

🐍 မြွေနှစ်ဖွားများ (Snake - 蛇 / Shé)

1977, 1989, 2001, 2013, 2025

မြွေနှစ်ဖွားတွေဟာ စံပြပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ အပြင်ပန်းမှာ အေးတိအေးစက်နိုင်တယ်လို့ ထင်ရပေမဲ့ အတွင်းစိတ်မှာတော့ နွေးထွေးပြီး စိတ်အားထက်သန်သူတွေ ဖြစ်ပါတယ်။ တစ်စုံတစ်ရာကို ပိုင်ဆိုင်လိုတဲ့ သူတို့ရဲ့ ဆန္ဒက ပြင်းထန်ပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်ကို အပြည့်အဝ နားမလည်နိုင်ရင် သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ မြွေနှစ်ဖွားတွေဟာ သစ္စာရှိပြီး ခိုင်မာပြတ်သားကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆိုးဆုံးရန်သူကတော့ ပျင်းရိခြင်းပဲ ဖြစ်ပါတယ်။

🐎 မြင်းနှစ်ဖွားများ (Horse - 马 / Mǎ)

1978, 1990, 2002, 2014, 2026

မြင်းနှစ်ဖွားတွေဟာ ဘယ်တော့မှ လက်လျှော့အရှုံးမပေးတတ်ကြသူတွေပါ။ သူတို့ဟာ အမြဲတမ်း အပြုသဘောဆောင်ပြီး တက်ကြွနေကာ ကိုယ့်ကိုယ်ကိုယ် ရှေ့သို့ တွန်းပို့နေကြပါတယ်။ သူတို့ရဲ့ အကြီးမားဆုံး ဆန္ဒကတော့ ကိုယ်နှစ်သက်ရာကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဖော်ပြနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မှာ ဆိုးရွားတဲ့ အားနည်းချက်တွေလည်း ရှိပါတယ်။ မြင်းနှစ်ဖွားတွေဟာ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းရာမှာ မကျွမ်းကျင်သလို စိတ်ဝင်စားမှုလည်း အလျင်အမြန် ပျောက်ဆုံးတတ်ကြပါတယ်။

🐐 ဆိတ်နှစ်ဖွားများ (Goat - 羊 / Yang)

1979, 1991, 2003, 2015, 2027

ဆိတ်နှစ်ဖွားတွေဟာ သန့်စင်ပြီး ကြင်နာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ဟာ တခြားသူရဲ့ စိတ်ခံစားချက်ကို ထိခိုက်မှာထက် ကိုယ်တိုင်ပဲ တိတ်တဆိတ် နာကျင်ခံစားလိုက်ဖို့ကို ပိုနှစ်သက်ကြပါတယ်။ သို့ပေမဲ့ တိတ်ဆိတ်နေရင်တောင်မှ သူတို့ရဲ့ ကိုယ်ပိုင်အမြင်ကိုတော့ မြဲမြံစွာ ထိန်းသိမ်းထားတတ်ပါတယ်။ သူတို့နှစ်သက်ရာ ကိစ္စတွေနဲ့ ပတ်သက်လာရင်တော့ ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ကြပါလိမ့်မယ်။ ကြင်နာတတ်ပေမဲ့ ဆိတ်နှစ်ဖွားတွေဟာ ကလိမ်ကျ ကောက်ကျစ်မှုတွေလည်း ရှိတတ်ပါတယ်။ သူတို့ဟာ "soft power" လို့ခေါ်တဲ့ နူးညံ့သိမ်မွေ့တဲ့ အစွမ်းကို ကျွမ်းကျင်စွာ အသုံးပြုတတ်ကြပြီး၊ တခြားသူတွေကို စိတ်ရှည်သည်းခံကာ ယဉ်ကျေးစွာ ပြောဆိုခြင်းဖြင့် သူတို့ဘက်ပါလာအောင် ဆွဲဆောင်နိုင်ကြပါတယ်။

🐒 မျောက်နှစ်ဖွားများ (Monkey - 猴 / Hóu)

1980, 1992, 2004, 2016, 2028

မျောက်နှစ်ဖွားတွေဟာ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး အလုပ်တွေကို လုပ်ဆောင်ကြပါတယ်။ တကယ်လို့ စိတ်မဝင်စားတဲ့အရာဆိုရင် ပေါ့ပေါ့ဆဆ လုပ်တတ်ကြပါတယ်။ သူတို့ စိတ်ဝင်စားတဲ့အရာတစ်ခုဆိုရင်တော့ အောင်မြင်တဲ့အထိ နှလုံးသားတစ်ခုလုံးကို မြှုပ်နှံပြီး ကြိုးစားလုပ်ဆောင်ကြပါတယ်။ သူတို့ဟာ စွမ်းအင်အပြည့်နဲ့ စပ်စုလိုစိတ်တွေ အပြည့်ရှိပြီး အသက်ရှည်ရှည် နေထိုင်ရတတ်ပါတယ်။ မျောက်နှစ်ဖွားတွေဟာ ဆက်ဆံရေးတွေကိုလည်း တန်ဖိုးထားကြပါတယ်။ ဒါပေမဲ့ ကလေးတွေကို အလိုလိုက်လွန်းတာကတော့ သူတို့ရဲ့ အားနည်းချက်တစ်ခု ဖြစ်နိုင်ပါတယ်။

🐓 ကြက်နှစ်ဖွားများ (Rooster - 鸡 / Jī)

1981, 1993, 2005, 2017, 2029

ကြက်နှစ်ဖွားတွေဟာ တခြားသူတစ်ယောက်ရဲ့ အတွေးအမြင်နဲ့ ခံစားချက်ကို သိနိုင်စွမ်းရှိကြပါတယ်။ သူတို့မှာ လျင်မြန်တဲ့ တုံ့ပြန်မှုတွေနဲ့ မြင့်မားတဲ့ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် (EQ) တွေ ရှိကြပါတယ်။ တချို့က လိမ္မာပါးနပ်ကြပေမဲ့ ကောင်းမွန်တဲ့ မိတ်ဆွေတွေ ဖြစ်တတ်ကြပါတယ်။ ကြက်နှစ်ဖွားတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိကြပြီး အနုပညာနယ်ပယ်မှာ ထူးချွန်ကြပါတယ်။ သို့ပေမဲ့ ဒီနယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းပြုသူကတော့ အနည်းအကျဉ်းသာ ရှိပါတယ်။ သူတို့ဟာ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရာရာကို သေချာ ဂရုတစိုက် စီစဉ်တတ်ကြပါတယ်။

🐕 ခွေးနှစ်ဖွားများ (Dog - 狗 / Gǒu)

1982, 1994, 2006, 2018, 2030

ခွေးနှစ်ဖွားတွေဟာ ရှေးရိုးစွဲဖြစ်ပြီး တရားမျှတမှုအပြည့်ရှိသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ သစ္စာရှိမှုကြောင့် ခွေးနှစ်ဖွားတွေဟာ လုပ်ငန်းခွင်မှာ တန်ဖိုးထားခံရပါတယ်။ သူတို့အတွက် အရေးပါတဲ့လူတွေမှလွဲလို့ ကျန်တဲ့အချိန်တွေမှာ စည်းမျဉ်းတွေကို ချိုးဖောက်လေ့မရှိပါဘူး။ ဘဝမှာဆိုရင်တော့ သူတို့ရဲ့ မိသားစုနဲ့အတူ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ရဖို့သာ ဆန္ဒရှိကြပါတယ်။

🐖 ဝက်နှစ်ဖွားများ (Pig - 猪 / Zhū)

1983, 1995, 2007, 2019, 2031

ဝက်နှစ်ဖွားတွေဟာ ယုတ္တိကျကျ တွေးခေါ်တတ်ကြပြီး ဘယ်လိုပြဿနာမျိုးကိုမဆို ဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။ သူတို့ဟာ ဆက်သွယ်ပြောဆိုရာမှာတော့ သိပ်မကောင်းလှပေမဲ့ ကြင်နာတတ်ကြပြီး မိသားစုကို လုပ်ကျွေးနိုင်စွမ်းရှိကြပါတယ်။ သူတို့အများစုဟာ ချမ်းသာကြွယ်ဝသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ သိသာထင်ရှားတဲ့ တစ်ခုတည်းသော အားနည်းချက်ကတော့ ဒေါသအလျင်အမြန် ထွက်လွယ်တာပဲ ဖြစ်ပါတယ်။